MacBook များ၏ အချို့သော သာမာန်ပျက်စီးမှုများကို ကိုယ်တိုင်ဖြေရှင်းခြင်း

Mac computer များဟာ တချို့သော error များဖြစ်လာခဲ့ရင် System Management Controller (SMC) function ကို reset ချပေးလိုက်ရင် ပြန်ကောင်းသွားလေ့ရှိပါတယ်။

  • ဘယ်လိုအခြေအနေတွေမှာ reset ချသင့်လဲဆိုရင် –
  • Fans ဟာ heavy usage အခြေအနေမဟုတ်ပါပဲ အရမ်းကြီးကိုလည်နေပြီဆိုရင်
  • Keyboard ရဲ့ backlight (နောက်ခံအလင်း)ဟာ မှားယွင်းနေခြင်း။
  • Battery indicator မီးလုံးလေး မလင်းခြင်း
  • Battery အားသွင်းမရခြင်း
  • Display မှာ ကောင်းစွာ အလုပ်မလုပ်ခြင်း
  • Power button နှိပ်သော်လည်း မည်သည့်သက်ရောက်မှုမှ မဖြစ်ပေါ်ခြင်း
  • Sleep function အလုပ်မလုပ်ခြင်း
  • MacBook, MacBook Pro များမှာ ပုံမှန်အတိုင်း USB-C ဖြင့် အားသွင်း၍မရခြင်း
  • MacBook, MacBook Pro များမှာ USB-C port သည် external devices များမဖတ်ခြင်း
  • သာမာန်အသုံးပြုနေရုံနဲ့ CPU သည် အရမ်းလေးပင်စွာ အလုပ်လုပ်နေခြင်း
  • Keyboard မှ function key များ မှားယွင်းနေခြင်း (သုံးမရခြင်း)
    စတဲ့အခြေအနေမျိုးတွေမှာ SMC reset ချလိုက်ရင် ကောင်းသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုမှ မကောင်းလာဘူးဆိုရင်တော့ hardware ပိုင်းရဲ့ physically ပျက်စီးမှုကြောင့်ပဲ ဖြစ်ဖို့များပါပြီ။

MacBook များတွင် SMC reset ဘယ်လို ချရမလဲ

  1. MacBook ကို Shut Down ပြုလုပ်ပါ။
  2. ပြီးရင် original keyboard တွင် ဘယ်ဘက်မှ Shift + Control + Option + power button များကို တပြိုင်နက်တည်း နှိပ်၍ 10 စက္ကန့်လောက် ဖိထားပြီးမှ တပြိုင်နက်တည်း ပြန်လွှတ်ပေးပါ။

SMC reset ချခြင်း ပြီးပါပြီ။ Hardware system ပိုင်းမှ error ဖြစ်ပါက ယခုကဲ့သို့ SMC reset ချရုံနှင့် ပြေလည်သွားနိုင်ပါသည်။

ထို့သို့ပြုလုပ်၍မှ အဆင်ပြေခြင်းမရှိသေးပါက Hardware ပိုင်းပျက်စီးချို့ယွင်းမှုသာ ဖြစ်ဖို့များပါသည်။ ကျွမ်းကျင် Technician နှင့် ပြသပေးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ 🙏