MacBook များတွင် WiFi Error ဖြစ်နေခဲ့သော်

တချို့သော MacBook များမှာ WiFi သုံးမရသည့်ပြဿနာ တွေ့ရလေ့ရှိပါတယ်။ ပြဿနာဟာ hardward ကြောင့်ရော software ကြောင့်ရော ဖြစ်နိုင်သလို hardware ကြောင့်သာဆိုရင် technician တွေသာ ပြင်လို့ဖြစ်နိုင်မှာ ဖြစ်ပြီး software ကြောင့်ဆို သာမာန် user တွေလည်း မိမိတို့ဘာသာ မိမိအဆင်ပြေသွားအောင် ဆောင်ရွက်နိုင်ပါတယ်။

Software ကြောင့်လား Hardware ကြောင့်လားဆိုတာကို မသိရင်နေပါစေ ပထမဆုံးမိမိတို့ကိုယ်တိုင်ဖြေရှင်းနိုင်တာဟာ Software error သာဖြစ်လို့ Software ပိုင်း error များကို user ကိုယ်တိုင် အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။
 

ဘယ်လိုဖြေရှင်းရမလဲ 

  1. Desktop အပေါ် menu bar မှ Apple logo လေးကိုနှိပ်ပါ။
  2. System Preferences ကိုသွားပါ။ • Network icon လေးကို ကလစ်နှိပ်ပါ။
  3. ၎င်း box ထဲမှ ရှိနေပြီးသား Wi-Fi ကိုဖြုတ်ပါ။ (Wi-Fi ကို ရွေးထားပြီး box ရဲ့အောက်ခြေမှ (-) ကိုနှိပ်၍ ဖြုတ်ပါ။ ထို့နောက် Apply ကို လုပ်ပါ။
  4. Wi-Fi setting အသစ်ဆောက်ပါ။ (+) ကိုနှိပ်၍ WiFi setting အသစ်ဆောက်ပါ။ (interface : Wi-Fi ထားပြီး Create လုပ်ပါ။)
  5. Wi-Fi setting တစ်ခု အသစ်ဆောက်လို့ပြီးပါပြီ။ ၎င်း Wi-Fi အသစ်ကို Turn WiFi On ကိုနှိပ်၍ ON ပေးပါ။ ပေါ်လာသော box မှ Apply ကိုနှိပ်၍ အတည်ပြုပေးပါ။

Wi-Fi လည်းအသစ်တည်ဆောက်ပြီးစီးသွားပြီဖြစ်လို့ အားလုံးအဆင်ပြေ မပြေ Wi-Fi ချိတ်ကြည့်ပါ။ အဆင်ပြေသွားတာကို မြင်တွေ့ရပါလိမ့်မယ်။ အကယ်၍ မပြေသေးဘူးဆိုရင်တော့ Hardware error ပဲဖြစ်နိုင်ပြီး WiFi card တို့ WiFi cable တို့ မကောင်းလို့ဖြစ်နိုင်ပါတယ်။ အတိအကျကတော့ Technician များ သေချာစစ်ဆေးပြီးမှသာ သိနိုင်မှာပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ 🙏