iPhone, iPad များမှာ Zawgyi Font မှ PyiDaungSu Font သို့ ပြောင်းသုံးခြင်း

တလောကမှ နိုင်ငံတော်အတိုင်ပင်ခံချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတစ်ခုကြောင့် PyiDaungSu Font နဲ့ Keyboard အသုံးပြုသူဟာ တဟုတ်ထိုး တိုးတက်လာပါတယ်။ iPhone, iPad, Macbook အသုံးပြုတဲ့ ကျွန်တော်တို့မိတ်ဆွေများအနေနဲ့လည်း PyiDaungSu Font နဲ့ Keyboard အသုံးပြုဖို့ လိုအပ်လာပြီလို့လည်း မြင်မိပါတယ်။

iPhone, iPad, Macbook များမှာ PyiDaungSu font သုံးဖို့က အခက်ကြီးမဟုတ်လှပါဘူ။ PyiDaungSu font ဟာ unicode စံကို အပြည့်အဝလိုက်နာထားတဲ့ font ဖြစ်ပြီး iPhone, iPad, Macbook များမှာ unicode font တပါတည်းပါပြီးသားဖြစ်လို့ တခြားမည်သည့် myanmar font မှ ထပ်မံထည့်စရာမလိုပဲ မြန်မာစာကောင်းကောင်း ဖတ်လို့ရအောင် သုံးမယ်ဆိုလည်း သုံးလို့ရပါတယ်။

ယခုအချိန် iPhone, iPad များမှာ Unicode စံစနစ် PyiDaungSu Font ကို အသုံးပြုရင် အဆင်ပြေပါ့မလားလို့ ဆိုးရိမ်စရာလည်း သိပ်မလိုလှပါဘူး။

Google ဟာ 2016 ကတည်းက Unicode ကိုပဲ support လုပ်ပေးထားလို့ google service တွေအားလုံး သုံးရတာ ပိုအဆင်ပြေလာမယ်။ Facebook ကလည်း zawgyi – uni auto convert လုပ်ပေးလို့ zawgyi နဲ့ရေးထားတာတွေ uni (PyiDaungSu) နဲ့ဖတ်မရတာ မဆိုးရိမ်ရပါဘူး။ အဆင်ပြေပါတယ်။

Operator တွေက ပို့တဲ့မက်ဆေ့တွေဖတ်မယ်ဆိုရင်တော့ လောလောဆယ် အဆင်ပြေသေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဆိုးရိမ်စရာတော့မလိုပါဘူး။ Zawgyi – Uni converter Apps တွေ အများအပြားကို ပညာရှင်တွေက ဖန်တီးပေးထားပြီးသားပါ။ Apple Store မှာ အလွယ်တကူရှာဖွေပြီး အခမဲ့သုံးလို့ရပါတယ်။ Message က စာလေးတွေကို Copy – Paste လုပ်ပြီး convert လုပ်ကြည့်ရင် အဆင်ပြေပါပြီ။

Zawgyi မှ PyiDaungSu မပြောင်းမှီ ကြိုတင်ဆောင်ရွက်သင့်သည်များ

Zawgyi ကနေ PyiDaungSu (Unicode) ကိုမပြောင်းမှီမှာ ကြိုတင်ဆောင်ရွက်ထားသင့်တာလေးတွေကတော့ Zawgyi နဲ့ မြန်မာလိုရေးမှတ်ထားတဲ့ Contact တွေကို English အမည်နဲ့ အရင်ဆုံး ပြောင်းမှတ်ထားပါ။ Font ကပြောင်းသွားမှာဖြစ်တဲ့အတွက် တော်ကြာ contact list က မြန်မာလို မှတ်ထားတဲ့နာမည်တွေ ရှာမရဖြစ်မှာဆိုးလို့ပါ။

Zawgyi မှ PyiDaungSu ပြောင်းသုံးမယ်

iPhone, iPad များမှာ Zawgyi ကနေ PyiDaungSu ကိုပြောင်းသုံးဖို့အတွက် အထူးတလည် Font App တွေ Keyboard အသစ်တွေ ထပ်ထည့်စရာမလိုပါဘူး။ မူလအသုံးပြုနေကြ MyFont နဲ့ TTkeyboard နဲ့တင် အဆင်ပြေပါတယ်။

ပထမဆုံး လက်ရှိအသုံးပြုနေတဲ့ Zawgyi profile ကိုအရင်ဖြုတ်ရအောင်။

Setting > General > Profile မှာ မူလအသုံးပြုနေသည့် Zawgyi-One.ttf ကို Remove လုပ်ပါ။

 

MyFont App ကိုဖွင့်၍ Essentials မှ Pyidaungsu 1.3 font ကိုရှာ၍ ထည့်ပါ။

 

Keyboard ပြောင်းဖို့အတွက် Setting > General > Keyboards > Keyboards ကိုသွားပြီး မူလသုံးနေသည့် Zawgyi – TTKeyboard ကိုဖြုတ်ပါ။

 

ထို့နောက် Add New Keyboard ကိုနှိပ် TTKeybord မှတဆင့် UniZG ကို ON ပေးလိုက်ပါ။

အဲ့နောက် သင့် iPhone, iPad ကို Power ပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ပါ။ စံစနစ်ကျနသော PyiDaungSu Font လေးနဲ့အတူ သင့် iPhone ကို ဂုဏ်ယူစွာ သုံးနိုင်ပါပြီ။ Facebook လေးကို ဖွင့်ပြီး အဆင်မှ ပြေရဲ့လား ကြည့်ကြည့်ပါအုံး။ Zawgyi နဲ့ရိုက်ထားတဲ့ စာတွေရော Uni (Pyidaungsu) နဲ့ရိုက်ထားတဲ့စာတွေရော အဆင်ပြေစွာ သုံးနိုင်ပါပြီ။

Keyboard ကိုလည်း စမ်းသပ်ကြည့်ပါအုံး။ ရိုးရိုးမြန်မာစာတွေပဲ ရိုက်ရိုက် ပါဋ္ဌိတွေပဲရိုက်ရိုက် အဆင်ပြေပြေ နဲ့ အသုံးပြုနိုင်ပြီဆိုတာ မျက်မြင်တွေ့လာရမှာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ ..