iPhone Camera အသုံးပြုနည်း အမျိုးမျိုး

ချစ်ခင်ရသူတွေ နဲ့ ခရီးတွေသွား အမှတ်တရတွေ အတူဖန်တီးကြတော့မယ် ဆိုရင် ဓါတ်ပုံလှလှလေးတွေ ဖန်တီးနိုင်ဖို့က အရေးကြီးလှပါတယ်။ iPhone camera တွေဟာ သုံးတတ်မယ်ဆို အကောင်းဆုံးဓါတ်ပုံကို ရရှိဖို့က မခက်လှပါဘူး။ သာမာန် အသုံးပြုသူတွေကိုယ်တိုင် အမိုက်စား photo တွေ ဖန်တီးနိုင်စေဖို့အတွက် iPhone camera များက ကောင်းကောင်းအကူအညီ ပေးနိုင်တယ်ဆိုတာ ယုံမှားစရာမရှိနိုင်ပါဘူး။

iPhone camera ကို ကောင်းကောင်းအသုံးချပြီး photo တွေ ရိုက်ကူးနိုင်စေဖို့ iPhone camera အသုံးပြုနည်းအမျိုးမျိုးနဲ့ အသုံးပြု function တွေအကြောင်းကို အသေးစိတ်လေ့လာကြည့်ကြရအောင်လား။

၁) ကင်မရာကို အလွယ်ကူဆုံး အမြန်ဖွင့်နည်း
iPhone ကို locked အနေအထားဖြစ်နေချိန်မျိုးတွေမှာ iPhone ရဲ့ power buttom ကိုနှိပ်ပြီး screen မီးလင်းလာတာနဲ့ မျက်နှာပြင်ရဲ့ ဘယ်ဘက်ကို လက်နဲ့ပွတ်ဆွဲလိုက်ပါက camera app ပွင့်လာပါမယ်။ iPhone 6s နဲ့အထက် version များမှာမှာ ဖုန်းကို လှူပ်ရှားမှူပြုလိုက်တာနဲ့ screen မီးလင်းလာပါမယ်။ Control center မှနေလည်း camera ကို အလွယ်တကူဖွင့်နိုင်ပါတယ်။ iPhone X နဲ့နောက် model များ မှာဆိုရင် screen ပွင်လာတာနဲ့ ဓါတ်မီးလေးနဲ့ camera button လေးတွေပါလာပါပြီ။

၂) Grid လိုင်းများ အသုံးပြုပါ
များသောအားဖြင့် အများစုဟာ Gride လိုင်းတွေကို အသုံးပြုလေ့မရှိပါဘူး။ ဓါတ်ပုံရိုက်တဲ့အခါမှာ အဓိက ရိုက်လိုတဲ့အရာကို Gride လိုင်းနှစ်ခုကြားမှာထားရိုက်မယ်ဆို ပိုမိုကြည့်ကောင်းတဲ့ ဓါတ်ပုံတွေရနိုင်ပါတယ်။ Grid ကို အသုံးပြုဖို့အတွက် Settings app ကိုသွားပြီး Photos & Camera မှာ Grid ကို enable ပြုလုပ်ပေးရပါမယ်။

၃) Burst Mode ဖြင့်ရိုက်ကူးခြင်း
Burst Mode ဟာ iPhone camera အတွက် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုပါ။ ၎င်း mode နဲ့ရိုက်ကူးနဲ့ ရိုက်ကူးမယ်ဆို တစ်စက္ကန့်အတွင်း 10 ပုံလောက်ကို တစ်ပုံတည်းမှာ အတွဲလိုက် စုရိုက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအထဲကနေ နှစ်သက်ရာ အကောင်းဆုံးဖြစ်မယ်ပုံများကို စိတ်ကြိုက်ရွေးယူပါ။ ဘယ်လို ရွေးချယ်ရမလဲဆိုတာကတော့ ရိုက်ထားတဲ့ပုံအစုတစ်ခုကို ဖွင့်ပါ။ ထိုသို့ဖွင့်လိုက်ပြီး အောက်ဘက်ဘားမှာရှိတဲ့ Select ကိုနှိပ်ပါ။ မိမိယူလိုသော ပုံများကို select လုပ်ပြီး အပေါ်ညာဘက်ဒေါင့်နားမှ done ကိုဆက်နှိပ်ပါ။ ဒါဆို ပုံရွေးလို့ပြီးပါပြီ။ ကိုလိုတာရွေးပြီးကျန်တာကိုဖျက်မယ်ဆိုလည်း ဖျက်လို့ရပါတယ်။ camera rool folder ထဲမှာ ရွေးထားတဲ့ပုံတွေ ရောက်သွားပါမယ်။ ရွေးမထားရင်လည်း အကောင်းဆုံးဖြစ်မယ်ထင်တဲ့ပုံတစ်ပုံကို ပြပေးနေပါလိမ့်မယ်။ Burst mode ကို အသုံးပြုဖို့အတွက် shutter ခလုတ်ကို စက္ကန့်ဝက်လောက် ဖိထားရုံနဲ့ အသုံးပြုနိုင်ပါတယ်။

၄) Focus နှင့် Exposure သပ်မှတ်ရိုက်ကူးခြင်း
ဓါတ်ပုံရိုက်ကူးရာမှာ Focus နှင့် Exposure များကို အသုံးပြုသူက မသပ်မှတ်ထားဘူးဆိုရင်တော့ iPhone က auto သပ်မှတ်ပေးမှာပါ။ မိမိဘာသာ စိတ်ကြိုက်ထားပြီး ဓါတ်ပုံရိုက်မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ပုံတွေရနိုင်ပါတယ်။ Foucs နဲ့ Exposure ဘယ်လိုသပ်မှတ်မလဲဆိုရင် camera app ဖွင့်ထားပြီး ရိုက်မည့်အရာကို ချိန်ထားချိန် screen ကို tap လုပ်ပါ။ လေးထောင့်အကွက်လေးနဲ့ ညာဘက်ဘေးမှာ နေလုံးပုံလေးပေါ်လာမယ်။ ၎င်းကို အထက်အောက် စိတ်ကြိုက်ချိန်ညှိပါ။ Focus နဲ့ Exposure စိတ်ကြိုက်ချိန်ပြီး lock လုပ်လိုတယ်ဆိုရင်တော့ ၎င်းနေရာကိုပဲ စက္ကန့်ပိုင်းဆက်ဖိထားပါ။ AE/AF lock ဖြစ်သွားပါမယ်။

၅) HDR Mode ဖြင့် ရိုက်ကူးခြင်း
HDR သည် အနက်ရောင်စစ်စစ်တွေနဲ့ တောက်ပတဲ့အဖြူရောင်စစ်စစ်တွေကြား photo, video တွေရိုက်ကူးရာမှာ ကွဲကွဲပြားပြားနဲ့ ထင်ထင်ရှားရှားဖြစ်စေပါတယ်။ အလင်းနဲ့အမှောင်ကြား ရောထွေးမှုမရှိစေပဲ သဘာဝအတိုင်း ရှင်းရှင်းလင်းလင်းရှိစေပါတယ်။ အလင်းအမှောင်မညီမျှတဲ့ ပါတ်ဝန်းကျင်အခြေအနေမျိုးတွေမှာ photo, video ရိုက်ကူးတဲ့အခါမှာ HDR ကို ON ပြီးရိုက်တာဟာ အကောင်းဆုံးပါ။ HDR နဲ့ ဓာတ်ပုံရိုက်ကူးမယ်ဆိုရင် Camera app ရဲ့ အပေါ်နားက HDR ကိုနှိပ်ပြီး Auto သို့မဟုတ် On ကိုရွေးရပါမယ်။

၆) Live Photo ဖြင့် ရိုက်ကူးခြင်း
Live Photo ဆိုတာ ရွေ့လျှားနေတဲ့ပုံတွေကို ရိုက်ကူးတဲ့ လုပ်ဆောင်ချက်ပါ။ Live Photos နဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါမှာ အသံနဲ့ ရုပ်ပါဝင်တဲ့ (၃)စက္ကန့်စာ ဗီဒီယိုတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ Live Photos ကို iPhone 6s/6s Plus နဲ့အထက်မှာပဲ အသုံးပြုနိုင်ပါတယ်။ Live Photos နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် HDR option ဘေးက စက်ဝိုင်းပုံ icon တစ်ခုကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။ ရိုက်ကူးထားတဲ့ Live Photos ကို 3D Touch နဲ့ နှိပ်ပြီး ပြန်ကြည့်နိုင်ပါတယ်။

၇) Volume (-)(+) ခလုပ်များဖြင့် ရိုက်ကူးခြင်း
iPhone camera ရိုက်ကူးရာမှာ Volume – (or) + ခလုပ်များကို နှိပ်၍လည်း ရိုက်ကူးနိုင်ပါတယ်။ volume (-)(+) ခလုပ်များနဲ့ ဓါတ်ပုံရိုက်ကူးရာမှာ iPhone နားကြပ်မှာပါဝင်တဲ့ volume (-)(+) ခလုပ်များနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။

၈) Geotagging (Location) ကို ထည့်သွင်းရိုက်ကူးခြင်း
Geotagging ကိုဖွင့်ရိုက်မယ်ဆိုရင် ဓါတ်ပုံရိုက်တဲ့နေရာတွေကို မှတ်သားပေးထားမှာဖြစ်ပါတယ်။ Geotagging ကို အသုံးပြုမယ်ဆိုရင် Settings > Privacy > Location Services မှာ Camera option ကို While Using အဖြစ် ပြုလုပ်ပေးထားရပါမယ်။ ရိုက်ကူးထားတဲ့ပုံရဲ့ ညာဘက်ဒေါင့်နားက detail တွင် ရိုက်ကူးခဲ့တဲ့ တည်နေရာပါ ပြသပေးပါလိမ့်မယ်။ map အနေနဲ့ ကြည့်လိုပါက photo app ထဲမှ Place album folder ထဲမှာကြည့်ပါ။

၉) Portrait Mode ဖြင့် ရိုက်ကူးခြင်း
iPhone 7 Plus, iPhone 8 Plus, iPhone X တို့မှာ အသုံးပြုနိုင်ပါတယ်။ နောက်ကြောဘက်မှာ Camera နှစ်လုံးပါဝင်ပြီး အပိုပါတဲ့တစ်လုံးက DSLR တွေလိုမျိုး digital zoom ဆွဲရိုက်တာမျိုးကို အသုံးပြုနိုင်ပါတယ်။ Portrait Mode ဖြင့်ရိုက်ကူးခြင်းဖြင့် မိမိ focus ထားလိုသော subject ကိုသာအဓိကကြည်လင်စေပြီး background ကို ဝါးတားတားလေးဖြစ်သွားအောင် ရိုက်လို့ရပါတယ်။ iPhone X နဲ့ iPhone 8 Plus တို့မှာဆိုရင် Portrait Lighting effect များကို အသုံးပြုရိုက်ကူးနိုင်လာပါပြီ။ Xs, Xs Max နဲ့ XR များမှာတော့ ဒီထက်ပိုကောင်းသော အကောင်းဆုံးသော Camera စွမ်းဆောင်ရည်နှင့်လိုက်ဖက်ညီစွာ နောက်ဆုံးပေါ် အကောင်းဆုံးသော Portrait စွမ်းရည်များဖြင့် ရိုက်ကူးနိုင်ပါပြီ။