iPhone တွေ အားကုန်မြန်လာခြင်းနှင့် ဆောင်ရန် ရှောင်ရန်

အဓိကအားဖြင့်တော့ iPhone Battery များဟာ နည်းပညာမြင့်သည့်အတွက် စွမ်းဆောင်ရည်လည်းမြင့်လှပါတယ်။ သို့ပေမယ့် Battery များ အိုဟောင်းလာလို့ဖြစ်ဖြစ်၊ သုံးစွဲသူ၏ သုံးစွဲသည့်အလေ့အကျင့်ကြောင့်ဖြစ်ဖြစ် Battery များ အချိန်မတိုင်မှီ အားကုန်မြန်လာတာတွေ၊ သက်တမ်းတိုလာတာတွေ ဖြစ်လာပါတယ်။ တခါတလေ အားကုန်မြန်လာရခြင်းတွေဟာ Battery ပိုင်းက အားနည်းချက်ကြောင့်မဟုတ်ပဲ mother board မှ IC ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုကြောင့်လည်းဖြစ်တတ်ပါတယ်။ တချို့တွေ Battery အားအရမ်းစားလို့ဆိုပြီး service လာပြလေ့ရှိကြပါတယ်။ Battery လဲလိုက်သည့်အခါမှာလည်း ဒီပြဿနာက ပြေလည်သွားခြင်းမရှိသေးပါဘူး။ ဒါဆိုရင်တော့ battery မကောင်းလို့မဟုတ်ပဲ IC ပိုင်းက ချို့ယွင်းမှုတစ်စုံတစ်ရာ ကြောင့် ဖြစ်နိုင်ချေရှိပါတယ်။

Apple Warranty ကာလအတွင်းမှာ ပျက်စီးမှုတစ်စုံတစ်ရာဖြစ်လာခဲ့မယ်ဆိုရင်တော့ Apple က တာဝန်ယူပေးမှာဖြစ်လို့ စိတ်ပူစရာတော့ မလိုပါဘူး။ Battery များအိုဟောင်းလာလို့ ပျက်စီးမှုဖြစ်လာရင်လည်း နားလည်ပေးလို့ရနိုင်ပေမယ့် အချိန်အတိုင်မှီ အားကုန်မြန်လာတာ၊ ပျက်စီးမှုဖြစ်လာတာဆိုရင်တော့ သုံးစွဲသူရဲ့ အလေ့အကျင့်ကြောင့် ဖြစ်နိုင်ပါပြီ။

များသောအားဖြင့် Battery ပြဿနာဖြစ်ရတာတွေဟာ Battery အားသွင်းရာမှာ အားသွင်းနည်းမှားယွင်းခြင်း၊ အခန်းအပူအချိန်မြင့်မားခြင်း၊ အပူစွန့်ထုတ်မှူ နှေးကွေးခြင်း ၊ Origianl မဟုတ်သော (QC pass မဟုတ်သော၊ Certifie မဟုတ်သော) Charger များဖြင့် အားသွင်းခြင်း အစရှိသည်တို့ကြောင့်လည်း iPhone များ battery အားကုန်မြန်ခြင်း၊ Battery Percentage မမှန်ခြင်း၊ 20% အောက်ထိ အကြိမ်များစွာသုံးစွဲခြင်း၊ 100% အထိ အားသွင်းကြိုးကို မဖြုတ်ပဲအကြိမ်များစွာ အားသွင်းခြင်း တွေကြောင့် ဖြစ်တတ်ပါတယ်။

အားသွင်း Charger သတိပြုစရာ

Power Bank များဖြင့် အမြဲတစေအားသွင်းခြင်း၊ Car Charger များဖြင့် အားသွင်းခြင်း Quality ညံ့သော Charger များဖြင့် အားသွင်းခြင်းကိုလည်း ရှောင်ပါ။ Power bank များဖြင့် အကြိမ်ရေအတော်များများ အသုံးပြုအားဖြည့်ခြင်း၊ Ampere မထိန်းနိုင်သော Charger များအသုံးပြုခြင်း၊ Quality မမှီသော Charger များ Power bank များ Car charger များအသုံးပြုခြင်းတို့ဟာ battery ကို များစွာထိခိုက်စေလို့ တတ်နိုင်သလောက်တော့ ဒါတွေကိုလည်း ရှောင်ပါ။ အကောင်းဆုံးကတော့ original charger ကိုပဲအသုံးပြုတာ အကောင်းဆုံးပါ။

အားသွင်းချိန်မှာ သတိပြုစရာ

Battery အားသွင်းရာတွင် အခန်းအပူချိန် မြင့်မားခြင်း၊ iPhone Cover တချို့ဟာ အပူစွန့်ထုတ်မှူ အားနည်းခြင်းနှင့် ညံ့ဖျင်းသော Charger များအသုံးပြုခြင်းကြောင့် Battery နှင့်ပါတ်သက်သော Error များ ဖြစ်လာရတာပါ။ ဒါကြောင့် အားသွင်းသည့်အခါ အရမ်းပူလွန်းသည့် နေရာများမှာ အားသွင်းခြင်းကို ရှောင်သင့်ပြီး၊ အားသွင်းချိန်မှာလည်း Cover ကို ဖြုတ်ပြီး အားသွင်းတာဟာ ပိုသင့်တော်ပါတယ်။ နောက်ပြီး အာသွင်းချိန်မှာ ဖုန်းကို အသုံးပြုခြင်းမပြုဖို့လဲလိုပါတယ်။ အကောင်းဆုံးကတော့ Airplane mode လေး ON ပြီး အားသွင်းတာ ကောင်းပါတယ်။ အားပြည့်လည်းမြန်ပါတယ်။ 100% အထိလည်း သွင်းပေးဖို့မလိုပါဘူး။ 80% လောက်ဆို ရပါပြီ။ သုံးစွဲတဲ့အခါမှာလည်း 20% အောက်အထိရောက်အောက် သုံးစွဲဖို့က မသင့်ပါဘူး။

Shout down ချပေးပါ။

အများစုဟာ မိမိဖုန်းကို Shut down ချပေးတာအတော်နည်းပါတယ်။ Shutdown ချပေးခြင်းမရှိတာဟာလည်း မရပ်မနားတာဝန်ထမ်းဆောင်နေရတဲ့ battery ကိုအနည်းနဲ့အများ ထိခိုက်စေပါတယ်။ ၂ ပါတ်တကြိမ် (သို့မဟုတ်) တလတကြိမ်လောက် Shout down ချပေးဖို့သင့်ပါတယ်။

Battery Calibration ပြုလုပ်ပေးပါ။

Calibration ပြုလုပ်တယ်ဆိုတာ battery ကို အားအပြည့် (သို့မဟုတ်) 93% နှင့်အထက် အားအပြည့်သွင်းပေးခြင်းကို ဆိုလိုပါတယ်။ Li-ion battery တွေဟာ တစ်ပါတ်ကို (၃ ၊ ၄ ကြိမ်) လောက် ထိုကဲ့သို့ ပြုလုပ်ပေးသင့်ပါတယ်။ 100% အပြည့်အားသွင်းတာဟာ မကောင်းဘူးလို့ ဆိုတာက အမြဲတစေ ဖြစ်နေတာကို မကောင်းဘူးဆိုတာပါ။ တစ်ပါတ်ကို ၃ ကြိမ်လောက်တော့ 93% ကျော်အောင် အားသွင်းပေးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ