iCloud Storage တွင် နေရာလွတ်များဖန်တီးခြင်း iCloud အတွင်းမှ Photos, Videos များကို Delete လုပ်ခြင်း

iCloud Photos အသုံးပြုသူများအတွက် မိမိတို့အတွက် မလိုအပ်သော photos , videos များကိုဖယ်ရှားရှင်းလင်းခြင်းဖြင့် iCloud storage နေရာလွတ်များ ရရှိလာအောင် ဖန်တီးနိုင်ပါတယ်။

iCloud Photos ကို ON ထားသည်ဆိုသည်နှင့် မိမိရဲ့ photos , videos တွေကို သက်ဆိုင်ရာ devices များမှာလည်း သိမ်းဆည်းလိုက်သလို iCloud အတွင်းမှာလည်းပဲ ထပ်မံသိမ်းဆည်းပေးပါတယ်။

iCloud အတွင်းမှ photos, videos များကို delete လုပ်ရာမှာ iCloud.com ကိုသွားပြီး delete လုပ်ဖို့မလိုပါဘူး။ သက်ဆိုင်ရာ device ကနေပဲ delete လုပ်ရုံပါ။ ဥပမာ – iPhone မှာဆို Photos app မှနေ၍ delete လုပ်ရုံပါ။ iPhone အတွင်းမှ Photos app နှင့် iCloud အတွင်းမှ Photos app တို့သည်အလုပ်လုပ်ပုံခြင်းအတူတူပါပဲ။ တစ်နေရာကနေ ဖျက်လိုက်သည်နဲ့တခြားတနေရာမှာလည်း တခါတည်းပျက်သွားမှာပါ။

ဒါပေမယ့် internet connection ပိတ်ပြီးတော့ပဲဖျက်တာနဲ့ iCloud Photos ကိုပိတ်ပြီးတော့ဖျက်တာတို့ဆိုလျှင်တော့ iCloud အတွင်းမှာ ချက်ခြင်းတော့ ပျက်သွားမှာမဟုတ်သေးပါဘူး။ internet connection ဖွင့်လိုက်တာ၊ iCloud Photos ပြန်ဖွင့်လိုက်တာနဲ့ update လုပ်သွားပြီး သင့် device အတွင်းမှာရှိနေတဲ့အခြေအနေအတိုင်း အတူတူဖြစ်သွားပါလိမ့်မယ်။

Deleted လုပ်လိုက်တဲ့ photos, videos တွေဟာ တခါတည်းအပြီးအစီးပျက်သွားတာတော့မဟုတ်သေးပါဘူး။ Recently Deleted ဆိုတဲ့ album ထဲကိုအရင်ဆုံးရောက်သွားတာပါ။ ပြန်လည် recover လုပ်မယ်ဆိုက လုပ်လို့ရသေးသလို အပြီးအပိုင်ဖျက်လိုက ကိုယ်တိုင်သွားဖျက်နိုင်ပါတယ်။ ရက်ပေါင်း (၃၀) ကြာသွားရင်တော့ သူ့အလိုလို permanently removed ဖြစ်သွားပါလိမ့်မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ