Apple Mac ကွန်ပျူတာ များတွင် ယူနီကုဒ် ထည့်သွင်းအသုံးပြုနည်း

Apple Mac ကွန်ပျူတာများမှာ ယူနီကုဒ် ထည်သွင်းအသုံးပြုကြည့်ရသည်မှာ ဖောင့်အနေနှင့် Pyidaungsu ဖောင့်ဖြင့် အဆင်ပြေပြေ သုံးနိုင်ပါသည်။ (ကျွန်တော်ရဲ့စက်မှာတော့ Microsoft Office 2016 version ဖြင့် word ရော Excel ရော အဆင်ပြေပါသည်။ Photoshop CC 2017 နှင့်လည်း အဆင်ပြေပါသည်။)

ယူနီကုဒ်ဖောင့်များနှင့် ကီးဘုတ်အဖြစ်အသုံးပြုမည့် KeyMagic ဖိုင်များကို အောက်ဖော်ပြပါ လင့်များမှတဆင့် မိမိစက်အတွင်း အရင်ဆုံး Download ယူထားပါ။

ဖောင့်ထည့်သွင်းခြင်း

  • Download လုပ်ပြီးသောဖောင့်များကို ကလစ်နှစ်ချက် နှိပ်၍ ဖွင့်ပါ။
  • ထို့နောက် Install ကိုနှိပ်ပါ။ ဖောင့်ထည့်သွင်းခြင်းပြီးပါပြီ။

ဖောင့်ပိတ်ခြင်း (သို့မဟုတ်) ဖြုတ်ခြင်း

မိမိစက်တွင်ရှိနေပြီးသား ဖောင့်များကို (ဥပမာ Zawgyi ဖောင့်) မကြိုက်က ဖြုတ်နိုင်ပါသည်။ ဖြုတ်ပုံဖြုတ်နည်းကတော့ –

  • ကီးဘုတ်မှ command + space နှိပ်ပါ။
  • Font book ဟုရိုက်၍ enter နှိပ်ပါ။
  • Font Book ပေါ်လာပါက ဖြုတ်လိုသောဖောင့်၏အပေါ်တွင် Right-click နှိပ်၍ ခဏပိတ်ထားလိုက “Disable ဖောင့်အမည် Family” (သို့မဟုတ်) အပြီးဖြုတ်လိုက “Remove ဖောင့်အမည် Family” ကိုနှိပ်၍ ပိတ်ခြင်း/ဖြုတ်ခြင်း ပြုနိုင်ပါသည်။

Keymagic လက်ကွက် ထည့်ခြင်း

  • ဒေါင်းလောက်လုပ်ထားသော Keymagic ဖိုင်ကို Rright Click နှိပ်ပြီး ဖွင့်ပါ။ထို့နောက် ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။ ပြီးပါက Screen ၏ ညာဘက်အပေါ်လက်ကွက်အိုင်ကွန်အား ကလစ်နှိပ်၍ “Open Keyboard Preferences ကိုနှိပ်ပါ။
  •  ရှိပြီးသားကီးဘုတ်အဟောင်းကို အရင်ဖြုတ်ပါ။ ထို့နောက် [+] အပေါင်း လက္ခဏာ ကိုနှိပ်ပါ။
  • Multiple Languages ကိုရွေးပါ။ ထို့နောက် ညာဘက်အကွက်မှ KeyMagic ကို Select ရွေးပြီး Add နှိပ်ပေးပါက လက်ကွက် ထွက်ပေါ်လာပြီး အသုံးပြုရန် အသင့်ဖြစ်ပါပြီ။

Keymagic လက်ကွက်ကို ရွေးပြီးမှ မိမိ အသုံးပြုရအဆင်ပြေသော လက်ကွက်များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

Keymagic တွင် လူကြိုက်များသော ဝင်းလက်ကွက်, ဇော်ဂျီလက်ကွက်, မြန်စံ လက်ကွက် တို့ ပါဝင်သဖြင့် မိမိကြိုက်နှစ်သက်ရာ ရွေးသုံးနိုင်ပါသည်။ ဇော်ဂျီလက်ကွက်အတိုင်းသုံးလိုက ZGUni ကိုထား၍ သုံးပါ။

အားလုံးပြီးဆုံးပါက မိမိစက်ကို “Log Out” သို့မဟုတ် “Restart” ချပေးပါ။

Google Chrome Browser တွင် ဇော်ဂျီရော ယူနီရော နှစ်ခုလုံး မြင်အောင်

လောလောဆယ် ဇော်ဂျီသုံးနေတဲ့သူတွေလည်း ရှိနေသေးတော့ ဇော်ဂျီလည်းလက်လွှတ်လို့က မဖြစ်သေးပြန်ပါဘူး။ အင်တာနက်ပေါ်တွင် ဇော်ရော ယူရော နှစ်ခုလုံးသုံးနိုင်ဖို့ Chrome Browser တွင် MUA Web Unicode Converter Extensions လေးသုံးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏