မသိတဲ့ဖုန်းနံပါတ်တွေကို ဘယ်လို Block လုပ်မလဲ

Operator တွေကနေ ဖုန်းဆက်ပြီးကြော်ငြာဝင်တာမျိုး သင်ကြုံတွေ့ဖူးပါသလား။

ဒါမှမဟုတ် မိမိရဲ့ contact list မှာမရှိတဲ့ တစ်စိမ်းတွေရဲ့ phone call တွေကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုးရော ကြုံဖူးလား။

တစ်ခါတစ်လေတော့လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိသိတဲ့သူများမှလွဲပြီး တခြားတစိမ်းတွေနဲ့ ဖုန်းမပြောချင်တဲ့အချိန်အခါမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြုံလာရင်တော့ iPhone သုံးစွဲသူများအတွက် မိမိတို့ contact list မှာမရှိတဲ့သူတွေဆီက ဖုန်းခေါ်တာတွေကို block ပြုလုပ်ပေးမယ့် Block Unknown Caller ဆိုတဲ့ function လေးရှိပါတယ်။ ဒီ Function လေးကို အသုံးပြုမယ်ဆိုရင်တော့ သင်မသိတဲ့သူတွေဆီက phone call တွေကို အာရုံနောက်ခံပြီး လက်ခံစကားပြောနေဖို့ မလိုတော့ပါဘူး။

ဘယ်လိုလုပ်ရမလဲ -
  1. Setting > Do Not Disturb ကိုသွားပါ။
  2. Do Not Disturb ကို ON ပါ။
  3. SILENCE မှာ Always အမှန်ခြစ်ပေးထားပါ။
  4. Allow Call From ကို နှိပ်ပါ။
  5. All Contacts ကိုရွေးပါ။

ဒါဆိုရင်တော့ မိမိ contact list မှသူများကလွဲလို့ တခြားဖုန်းတွေကို အဝင်ခေါ်ဆိုမှု ပိတ်ပေးပါလိမ့်မည်။ ဒီနေရာမှာ မိမိဖုန်းလက်ခံပြောလိုတဲ့သူတွေကိုပဲ သီးသန့်ခွဲထားလို့ရပါသေးတယ်။ လက်ခံလိုတဲ့လူတွေကို Favorites အဖြစ် contact list မှာ ပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်။

မသိတဲ့ phone call တွေကို အလုလိုလက်မခံနိုင်အောင် ပြုလုပ်တာဟာ Do Not Disturb function ကိုအသုံးချဆောင်ရွက်တာပါ။ ဒီတော့ အခုလို setting လေးပြင်ပြီးတဲ့အခါ Do Not Disturb ကိုပဲ ON/OFF လုပ်ပြီး လိုအပ်တိုင်းအသုံးပြုနိုင်ပါတယ်။

Do Not Disturb ကို Control Center မှာထားပြီး အလွယ်တကူသုံးလို့ရပါတယ်။
  1. Control center မှာ လခြမ်းပုံ icon လေးကို လက်နဲ့ဖိနှိပ်လိုက်ပါ။
  2. ပေါ်လာတဲ့ဘောက်လေးမှာမှ For 1 hour တို့ Until this evening တို့ မိမိအဆင်ပြေရာရွေးပါ။ ဒီလိုမှမဟုတ်ရင်လည်း Schedule ကိုနှိပ်ပြီး ဘယ်အချိန်ကနေ ဘယ်အချိန်ဆိုပြီး သပ်မှတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏